Friday, October 5, 2012

 
 မဲ့ခြောက်တင်းတိပ်၊ ရှိနေသူများအတွက်
 ဖရဲသီး အောက်ခံအဖြူအသားကို စား(သို့) ဇွန်းဖြင့် ပါးပါးလှီးပြီး မျက်နှာပေါ်မှာရှိတဲ့ မဲ့ခြောက်၊ တင်းတိပ် ရှိတဲ့နေရာပေါ်မှာ တင်ပေးပါ။ ဒီနည်းကို မလုပ်ခင် မျက်နှာကို သန့်စင်အောင် အရင်သန့်ရှင်းရေး လုပ်လိုက်ရပါမယ်။မျက်နှာသန့်စင်ပြီးတာနဲ့ဖရဲသီးအောက်ခံ အဖြူသားကို ပါးပါးလှီးပြီး မျက်နှာပေါ်တင်ပေးပြီး နာရီ တော်တော်ကြာအောင် တင်ထားပေးရပါမယ်။
အိပ်ယာဝင်မဲ့ အချိန်မှာလည်း လုပ်လို့ရပါတယ်။ မဲ့ခြောက်၊ တင်းတိပ် ရှိနေသူအတွက် အဆင်ပြေမဲ့ နည်းလမ်းကောင်းလေးပါ။ဖရဲသီးမှာပါတဲ့ရေဓာတ်ကမဲ့ခြောက်၊တင်းတိပ်တို့ကိုပျောက်ကင်းအောင်ပြုလုပ်ပေးနိုင်တဲ့ ဓာတုဆေးဝါးတွေမပါတဲ့ နည်းလမ်းကောင်းလေးတစ်ခုပါ။ ဒီနည်းကို မလုပ်ချင်သူတွေအတွက်ကတော့ ဖရဲသီးစားတဲ့ အခါတိုင်း အောက်ခံ အဖြူသားထိစားနိုင်ပါတယ်။ ဖရဲသီးကို စားခြင်းဖြင့် ကျန်းမာရေး အတွက်ပါကောင်းမွန်ပြီးကျောက်ကပ်၊ဆီး၊အသဲ၊အဆုတ်စတဲ့ ရောဂါရှိသူတွေ အတွက်လည်း ကောင်းမွန်တဲ့ နည်းလမ်းကောင်းလေးပါဘဲ။အားလုံးဖရဲသီးစားတိုင်းအောက်ခံအဖြူသားပါအောင်စားလိုက်ကြရအောင်နော်။

မျက်နှာပေါ်မှာ အမည်းစက်ရှိလို့ စိတ်ညစ်နေတဲ့ ပျိုရွယ်သူတွေအတွက် နည်းလမ်းကောင်းလေးတစ်ခုကို ထပ်ပေးပါမယ်။
တချို့ ၀က်ခြံရှိတဲ့ ပျိုရွယ်သူတွေမှာ ဖြစ်တတ်တာက ၀က်ခြံကိုမမှည့်ခင် ညစ်ထုတ်တဲ့သူတွေရှိပါတယ်။ အဲဒီလို လုပ်တာကြောင့် မျက်နှာပေါ်တွင် အမာရွတ်(သို့) အမည်းစက်များ ကျန်ရှိတတ်ကြပါတယ်။ ထိုသို့ အမည်းစက်များရှိနေတာကိုဒီကနေ့ခေတ်မှာတော့ခေတ်မီဆေးဝါးတွေပေါ်လာသောလည်းဘဲသဘာဝ ဆေး
နည်းကောင်းလေး တခုရှိပါတယ်။ သိတာလေးတွေကို ဖော်ပြပေးလိုက်ပါမယ်။ စာဖတ်ပရိတ်သတ်တွေ အတွက်အဆင်ပြေမယ့် နည်းလမ်း  ကောင်း လေးမို့ပါ။ လုပ်ကြည့်နိုင်ပါတယ်နော်။ လုပ်နည်းလေးကတော့ လွယ်ကူတဲ့နည်းလမ်းပါ။ အိမ်ရှင်မများ ဟင်းချို ချက်တဲ့ အခါမှာထည့်ခတ်တဲ့ငရုတ်ကောင်းမှုန့် လေအနည်းငယ်နဲ့ဒိန်ချည်ကိုရောသမ ပြီးအမည်း စက်ရှိတဲ့ မျက်နှာပြင်ကို လိမ်းပေးပါ။ 

No comments:

Post a Comment