Sunday, September 30, 2012
Gmail နှင့် Facebook ကိုစတိုင်သစ်လေးနဲ့ လုပ်မယ်
စိတ်ဝင်စားတဲ့ သူငယ်ချင်းတွေလဲ လိုက်လုပ်ကြည့်ပေါ့
လုပ်တော့မယ်ဆို၇င် ပထမဆုံးဒီနေရာလေး မှာ install လုပ်ယူပါ
Facebook အတွက်တော့ဒီနေရာလေး မှာ ကနေ Install လုပ်ယူပါ
Gmail အတွက်တော့ဒီနေရာလေးမှာ Install လုပ်ယူပါ
Install တစ်ခုလုပ်ပြီးတိုင်း Firefox ကို restart တစ်ခါဆီပေး၇လိမ့်မယ်
ဒါပါပဲ မခက်ခဲပါဘူးလုပ်ကြည့်လိုက်ပါနော်.........။
Friday, September 28, 2012
ပျို့အန်းခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသောနှိပ်ကွက်
ပျို့အန်ခြင်းနှင့် ခေါင်းကိုက်ခြင်းကို ပျောက်စေသောနှိပ်ကွက်
လက်ကောက်ဝတ်အတွင်းဘက် (လက်ဖဝါးဘက်)တွင် ပျို့အန်ခြင်း၊ အော့အန်ခြင်းကို သက်သာ
ပျောက်ကင်းစေသော နှိပ်ကွက်ကလေးရှိပါသည်။
လက်ကောက်ဝတ်အလယ်တွင် စမ်းကြည့်လိုက်ပါ။ အရွက်ကြောကြီးနှစ်ခုနှင့် ၎င်းတို့အကြားရှိ မြောင်း
ကို စမ်းမိပါမည်။
လက်ကောက်ဝတ်အောက်ဆုံးရစ်မှ နှစ်လက်မခန့်နေရာ၊ မြောင်းထဲသို့ မိမိလက်မနှင့် ဖိကာဖိကာနှိပ်ပေးပါ။
သာမန်ပျို့ခြင်း၊ အန်ချင်ခြင်းကို ချက်ချင်းပျောက်စေပါသည်။ ဆေးမလိုပါ။
ပြင်းထန်သော ပျို့အန်ခြင်း အတွက်မူ မိနစ်၂၀ခန့်ကြာအောင် အကြိမ်ကြိမ် နှိပ်ပေးရန် လိုပါသည်။
လက်ညှိုးနှင့် လက်မခွကြားတွင် တြိဂံပုံနေရာလေးတစ်ခုရှိပါသည်။ အရေပြားနှုတ်ခမ်းအစပ်မှ အထက်တစ်
လက်မခန့်အကွာတွင် နှိပ်ကွက်ကလေး ရှိပါသည်။
ထိုနေရာလေးကို ကျန်လက်တစ်ဖက်မှ လက်ညှိုး၊ လက်မတို့ကို အသုံးပြု၍ ညှပ်နှိပ်ပေးလျှင် အနည်းငယ်
အောင့်ပါသည်။
သုတေသနပြုချက်များအရ ထိုသို့ နှိပ်ပေးလျှင် ဦးနှောက်မှ အင်ဒိုဖင်ဓာတ်(Endorphins)များ ထွက်စေသဖြင့်
ခေါင်းကိုက်ခြင်း၊ ဇက်ကြောတက်ခြင်း ဝေဒနာများကို ပျောက်စေကြောင်း တွေ့ရပါသည်။
ထို့ကြောင့် ခေါင်းကိုက်ခြင်း၊ မိုင်ဂရိမ်းခေါင်းတစ်ခြမ်းကိုက်ခြင်း(Migra)နှင့် ဇက်ကြောတက်ခြင်း ဖြစ်လျှင် လက်
ညှိုး၊ လက်မ ခွကြားမှ နှိပ်ကွက်ကလေးကို ဘယ်၊ ညာတစ်လှည့်စီ နှိပ်ပေးနိုင်ပါသည်။
ပန်လည်မျှဝေခြင်းဖြစ်ပါသည်။ (ခေါင်းကိုက်ခြင်းမှကင်းဝေးပါစေ)
Wednesday, September 26, 2012
လူငယ်များ လေဖြတ်နိုင်တဲ့ အကြောင်းအရင်း
အခုခေတ်မှာ အသက်ငယ်တဲ့သူတွေဆိုရင် လေဖြတ်မှာမဟုတ်ဘူးလို့ ယူဆလို့ မရတော့ပါဘူး။ လေဖြတ်ရောဂါ ခံစားနေရသူတွေထဲမှာ လူငယ်တွေလည်း ပါဝင်နေတာကြောင့်ပါ။ ဒါကြောင့် လေဖြတ်ခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်လွှဲနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
၁။စိတ်ဖိစီးမှုများခြင်း
စိတ်ကို လျှော့ချပါ။ လေဖြတ်ခြင်းဖြစ်စေနိုင်တဲ့ အန္တရာယ်တွေအကြောင်း ဆရာဝန်တွေကိုမေးရင် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါစသဖြင့် ပြောပြပါလိမ့်မယ်။ လေဖြတ်စေတဲ့ အဓိက အကြောင်းထဲမှာ စိတ်ဖိစီးမှုများတာလည်း ပါပါတယ်။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်တဲ့အခါမှာ သွေးဖိအားမြင့်တက်လာပြီး ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ သွေးစေးပျစ်ခြင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် လေဖြတ်ခြင်းကင်းဝေးအောင် စိတ်ဖိစီးမှုကို ထိန်းချုပ်ရပါမယ်။
၂။ရန်လိုခြင်း
အသက်ကြီးခြင်းအကြောင်း လတ်တလော လေ့လာမှုတစ်ရပ်အရ ရန်မူလိုတဲ့သူ၊ အထူးသဖြင့် ရန်လိုတတ်သူတွေဟာ စိတ်အေးလက်အေးနေတတ်သူတွေနဲ့ယှဉ်ရင် သွေးကြောပိုမိုထူထပ်တတ် ကြောင်းသိရပါတယ်။ သွေးကြောတွေ ထူထဲလာဖို့ အချိန်ယူရတတ်ပေမယ့် ပြင်းထန်တဲ့အဆင့်မှာ ဦးနှောက်ဆီကိုသွားတဲ့ အောက်ဆီဂျင် ပြတ်လပ်သွားနိုင်ပါတယ်။ အဲဒီအခါ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီးလေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။
၃။အထီးကျန်ခြင်း
အထီးကျန်ခြင်းဟာ နှလုံးအပေါ် နာကျင်ထိခိုက်စေတယ်လို့ စာတွေထဲမှာ ဖော်ပြထားပါတယ်။ အထီးကျန်တဲ့ အရွယ်ရောက်သူတွေလို လေးနှစ်ကြာလေ့လာတဲ့ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ အထီးကျန်ဆုံးလူတွေဟာ ကိုယ်အလေးချိန်၊ ဆေးလိပ်သောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတွေနဲ့ မဆိုင်ဘဲ နှစ်တိုင်း သွေးဖိအားမြင့်တက်နေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အထီးကျန်ခြင်းဟာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောပမာဏ မြင့်တက်နေခြင်းနဲ့ ဆက်စပ်မှုရှိကာ ထိုဟော်မုန်း မြင့်တက်ခြင်းဟာ သွေးတိုးစေပြီး သွေးတိုးခြင်းကြောင့် လေဖြတ်နိုင်ခြေ မြင့်တက်ရလို့ပဲဖြစ်ပါတယ်။
၎။အိမ်ထောင်ကွဲခြင်း
အိမ်ထောင်ကွဲထားတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ရေးအဆင်ပြေတဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အသက်အန္တရာယ်ရှိတဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေကို ၆၄ ရာခိုင်နှုန်း မြင့်မားစေကြောင်း ၂၀၁၀ အမေရိကန် လေဖြတ်ခြင်းအကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ပျော်ရွှင်ဖွယ်မကောင်းတဲ့ အိမ်ထောင်ရေးအခြေအနေရှိသူတွေဟာ အထီးကျန်နေသလို ခံစားရတာကြောင့် ဖြစ်ပါတယ်။
အရူးလွယ်အိတ်မှ ပြန်လည်ဝေမျှခြင်း
Tuesday, September 25, 2012
့ဟိုး အဝေး အဝေး
အတွေးလေးတစ်ခုလိုပဲ.....
ဆွေးခဲ့ရတယ်လို့ လဲ မဆိုသာ...
ဝေးခဲ့တာတော့ သေခြာခဲ့ပြီ...
ဖြေမဆည်နိုင်အောင် မဖြစ်ခဲ့ပေမဲ့...
ချစ်ခဲ့တာလည်း သေခြာတယ်
သူ့ဘ၀ သူ့လမ်းက ....
သမုဒယ နွယ်မှု ကင်းနေတာကြောင့်..
ယခုဘ၀မှာတော့ မဖြစ်နိုင်ပြီ...
ဘ၀ တစ်ခုတည်ဆောက်ရင် ...
ချစ်တာလဲ လိုတာပဲ
မေတ္တာလဲ မပါမဖြစ် သစ္စာလဲ အမှန် ဖြစ်မှ
လိုတရ ဘ၀ မဟုတ်ပေမဲ့
ချို့တဲ့မှု တစ်ချို့ကိုတော့ ဖြည့်ဆည်းပေးဘူးတယ်..
ဘ၀ပေး ကံ ကြမ္မာများ ရယ်ကြောင့်
အပြေးကလေးနဲ့လာခဲ့သော်ငြား....
ဝေးဝေး ပြီးသွားခဲ့ရပါတယ်........
Monday, September 24, 2012
ကျနော်သိတဲ့  web တစ်ခုတည်ဆောက်နည်း
မင်္ဂလာပါ ရေးမယ်ရေးမယ် နဲ့  မရေးဖြစ်ဘူး ဘာလို့ လဲ တော့ အကြောင်းက ကိုယ်ကိုတိုင်က သင်တန်း တက်ပြီး သင်ယူထားတဲ့ ပညာရပ်တွေမပာုတ်ပဲ ကိုယ်တိုင် စမ်းသပ်လေ့လာထားတော့
သူများတွေလို သင်တန်းတက်ပြီး ပြန်ရှင်းပြပြီးရေးထားတာမပာုတ်တော့ အမှားပါမှာ တစ်ကြောင်း ကိုယ်ရေးလိုက်လို့  အမှား ပါသွားရင် လဲ ဒီကောင်ဝင်ဖောနေတာပါ ကွာ လို့ ပြောခံရမှာက တစ်ကြောင်း ဒါကြောင့် ဒီလိုပိုစ့်မျိုး ကိုမရေးဖြစ်တာ ပါ ခုတော့ ညီလေး အဖြူရောင် က လဲ အကို ဘာပဲဖြစ်ဖြစ် ရေး ညီလေးတို့ လဲ ပညာတစ်ခု ဝေမျှပေးပါဆိုလို့  သိသလောက်လေ့လာ ထားသလောက်လေးကို စာအဖြင့် ရေးသား တင်ပြလိုက်ရပါတယ် အမှား များပါရှိခဲ့ ပါ က သင်တန်းတက်ပြီးရှင်းပြထားခြင်းမပာုတ်တဲ့ အတွက်ကြောင့် နားလည်ခွင့်လွှတ်ပေးပါလို့ ဒီနေရာလေးကနေ တောင်းပန်အပ်ပါတယ် .................။
ကျနော်သိတဲ့  domain name ဆိုတာ ဘာကိုခေါ်လဲ :?
domain name က ဘာနဲ့ ခိုင်းနှိုင်းပြရမလဲ ဆိုရင် မိမိ အိမ်တစ်အိမ်မှာ မရှိမဖြစ် ပါရှိတဲ့ အိမ်လိပ်စာလေးကို domain name တစ်ခုလို့ မှတ်ထားလိုက် ဗျာ ............။
ဒါလောက်လေးပဲမှတ်ထားလိုက်ပေါ့ နော် yourname.com  မျိုးကို domain name တစ်ခုလို့ ခေါ်တာပေါ့ နော် ။
ပာုတ်ပြီ ဒါဆို domain name အကြောင်းသိပြီပဲထားလိုက်တော့  :D :D
အယ် ဒီလို domain name တစ်ခုရှိပါပြီ hosting တစ်ခုမရှိလို့ လဲ မဖြစ်သေးဘူးလေ domain name နဲ့  ဆိုဒ်တစ်ခု လုပ်လို့ မရသေးပြန်ဘူး
ဒါကြောင့် hosting လို့ ခေါ်တဲ့  ကိုယ်ပိုင်မြေကွက် တစ်ကွက်တော့ ၀ယ်မှဖြစ်တော့မယ် ပာပ်ချလောင်း ကိုယ်ပိုင် မြေကွက် တစ်ကွက်ဖြစ်တဲ့  hosting ကိုဝယ်လိုက်ပါပြီ
OK ဒါဆို စမယ် လုပ်ငန်းတစ်ခု အိမ်လိပ်စာ ရယ် မြေကွက်ရေ ရပြီ ဆိုရင် ကျနော် တို့ အိမ်တစ်အိမ်ကို ဘယ်လိုစဆောက်မလဲ အရင်စဉ်းစား ကျမယ် .....။
အိမ်တစ်လုံးဆောက်မယ် ဘယ်လိုအိမ်မျိုးဆောက်မှာ လဲ အရင်စဉ်းစား ရမယ် တိုက်အိမ်လား ပျဉ်ထောင်အိမ်လား  တဲအိမ်လား ပေါ့ :P
ဘာအိမ်ပဲဆောက်ဆောက် အိမ်တစ်အိမ်မှာ စဆောက်ပြီးဆို အုတ်ဖိနပ် အရင် စခံရတာများပါတယ် အုတ်ဖိနပ်မခံရင် လဲ အဲ့ အိမ်က ရာသီဥတု ဘေးဒဏ် နဲ့ ပြိုလဲတာများပါတယ်  :D
ပာုတ်ပြီ အုတ်ဖိနပ် ချမယ် အုတ်ဖိနပ်ကို ကျနော် ဘာနဲ့ ခိုင်းနှိုင်းမလဲ ဆိုရင် ဆိုဒ်တစ်ခု လုပ်တော့မယ် ဆိုရင် အခြေခံဖြစ်တဲ့  data base  တစ်ခုအရင် ဆုံးတည်ဆောက်မှဖြစ်တာပါ
အဲ့ လို data base တစ်ခု ကိုဘယ်လို တည်ဆောက်ရတာလဲ ကိုဖြိုးဝေ လို့ မေးလာရင် ကျနော် သိတဲ့  data base တစ်ခု တည်ဆောက်ပုံကတော့ အရင်ဆုံး cpanel လို့ ခေါ်တဲ့ 
ကျနော်တို့  hosting ထဲက MYSQL DATA BASE ထဲမှာ database တစ်ခု ကိုစတင်တည်ဆောက်ရပါမယ် မရှင်းဘူးဆိုရင် ကျနော် ဗီဒီယိုဖိုင်လေးကိုတင်ပေးလိုက်ပါမယ် အဲ့ မှာ
လဲ သွားရောက်လေ့လာလို့ ရပါသေးတယ် .........။
Sunday, September 23, 2012
တစ်ယောက်သောသူအတွက်
မင်းသိမှာပါ
မခွဲမခွာမင်းအနား
လေပြေတောင်မခြား နေချင်မိ
အမြဲအတူရှိနေချင်မိတာကိုလည်း.....
မင်းသိပါစေ
ဘယ်မှာနေနေ
ဘယ်တွေရောက်ရှိ
သတိရနေတယ်ဆိုတာတွေကိုရော....
မင်းသိစေတော့
နာရီတွေပြောင်း ရာသီဟောင်းလည်း
မပြောင်းလဲတဲ့ ငါ့အချစ်များစွာအား....
မင်းသိပါ၏
နေ့ရှိသရွေ့တမ်းတ
ညဘက်မှာလွမ်းရ
သတိရနေတာတွေကိုလေ.....
မင်းသိပါတယ်
ဆယ်ကမ္ဘာတိုင်
သစ္စာခိုင်မြဲ
စွဲငြိရင်ထဲထား ကိုယ့်သစ္စာတရားတွေကိုပေါ့......
မင်းသိစေညွှန်း
တသွန်းသွန်းရွာချ
မေတ္တာမိုးဖြစ်
အချစ်စစ်တယ် ဖြူစင်စွာနှောင်ရစ်တတ်သမျှယုံ.....
မင်းသိနေတယ်
ဘယ်ခါမမုန်း
အချစ်ဆုံးဟာ
မင်းတစ်ယောက်သာ အသည်းမှာထာဝရပါကွယ်......
ငါကြားလိုက်ပါတယ်
ချစ်သူ
မင်းအရမ်းခံစားနေရပြီလား
ငါစာနာပါတယ်
သိပ်ချစ်တဲ့ မင်းတို့ နှစ်ယောက်
ဘယ်တော့မှမုန်းနိုင်မှာမပာုတ်ဘူးဆိုတာ
ချစ်သူ
မင်းအရမ်းလွမ်းနေပြီလား
ငါနားလည်ပါတယ်
မင်းသူ့ ကိုသိပ်ချစ်တဲ့ အတွက်
မေ့လို့ ရမှာမပာုတ်ဘူးဆိုတာကိုပေါ့
ချစ်သူ
မင်းနောက်တရနေပြီလား
ငါသိပါတယ်
မင်းငါ့ကိုအစားထိုးပြီး
တင်္ဒဂ အပျင်းဖြေခဲ့ တာကိုပေါ့
ချစ်သူ
မင်းပျော်နိုင်ပြီလား
ငါကြားလိုက်ပါတယ်
သြော်..........
မင်းကို ကိုးကွယ်ခဲ့ မိတဲ့ 
ငါနှလုံးသားအက်ကွဲသံတွေကိုပေါ့
တိတ်တခိုးချစ်တဲ့ 
သူခိုးလေးဖြိုးဝေ
အမုန်းများနဲ့ ငါ့ရဲ့ ကမ္ဘာ
တစ်ချို့ ချို့ တွေ ကြောင့် ဒီလောကထဲရောက်လာခဲ့ တယ်
တစ်ချို့ ချို့ တွေ ကြောင့် ငါဒီလောက ထဲ က ထွက်သွားချင်လာတယ်
တစ်ချို့ ချို့ တွေက ငါကို ချစ်ကျတယ်
တစ်ချို့ ချို့ တွေက ငါကို မုန်းကျတယ်
တစ်ချို့ ချို့ တွေက ငါကိုတန်ဖိုးထား လေးစားကျတယ်
တစ်ချို့ ချို့ တွေက ငါကို အထင်မကြီးကျဘူး
တစ်ချို့ ချို့ တွေ ကြောင့် ဒီအိုင်တီ ဆိုတာကြီးနဲ့ 
ဝေးဝေးမှာနေချင်လာမိတယ် .............။
ငါမှားခဲ့ တာလား မင်းမှားခဲ့ တာလား
တစ်ကယ့်တော့ အဖြေကို သေခြာမသိပေမဲ့ 
မဖြစ်သင့် တဲ့ ဇာတ်လမ်းတစ်ပုဒ်ကို
အကောင်းဆုံးမပာုတ်တောင်
ခပ်ညံ့ညံ့ အပေါစား ဝတ္ထု တစ်ပုဒ်လို
ငါမရေး ချင်ဘူး ..........။    ။
မဖြစ်သင့်မှန်း သိတယ်
မချစ်သင့်မှန်းလဲ သိတယ်
ဘာမပာုတ်တဲ့ ငါ တစ်ယောက်အတွက်နဲ့ 
မင်းရဲ့ ခဏတာ ပျော်ရွှင်မှု လေးတွေ
ပျောက်ဆုံးသွားမှာဆိုးလို့  ငါနှလုံးသားစတေးခံပြီး
မင်းရဲ့ ခဏတာပျော်ရွှင်မှု လေးတွေကို
ငါပေးဆပ်ချင်နေမိတဲ့ သူပါ  .......။
အချစ်သစ်ပင်လေးတစ်ပင်
စိုက်ပျိုး ဘူးတယ်
ယုယစွာ မြတ်နိုးဘူးတယ်
တစ်ယုတယနဲ့ လဲ စိုက်ပျိုးဘူးတယ်
တစ်ကယ့်တော့ မင်းပာာ ပင်ယံထက်မှာပဲ
လှနေရမဲ့ ပန်းလေးပါ
ငါဘယ်လို မှမခူးဆွတ် ရက်ဘူး
ထာဝရမပာုတ်တောင်
ခဏတာလေးဖြစ်ဖြစ် ပင်ယံထက်မှာ
လှစေချင်နေတဲ့ 
ဥယာဉ်မှူး တစ်ယောက်ပါ ချစ်သူ  .......။
တိတ်တခိုးချစ်ရတဲ့ 
သူခိုးလေးဖြိုးဝေ
``အသက်ထက်မကချစ်တာကိုယုံ´´
သူဟာ ကျွန်မရဲ့ အချစ်ရဆုံးနဲ့ တန်ဖိုးထားရ ဆုံးပါ
နောက်ဆုံးတော့ သူကြောင့်ရတဲ့ 
ဒဏ်ရာဒဏ်ချက်တောင် အမာရွတ်ကျန်နေပေမဲ့
ကျေနပ်အမှတ်တရ  ယုယမိပါတယ်
သူဟာ ကျွန်မရဲ့ ရင်ထဲမှာ 
ဘယ်တော့မှ ပျောက်ကွယ်သွားမှာ မဟုတ်ပါဘူး
သူကို့ ဘာနဲ့ နှိုင်းယဉ်ရမလည်းဆိုတော့
ကမ္ဘာပေါ်မှာ ရှိနေတဲ့ နေနဲ့လ လိုပါဘဲ
ဘယ်တော့မှ ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး
မနက်ဆို နေ ညဆို လ
သူ့ အချိန်နဲ့ သူ ပုံမှန်ရှိနေသလို
သူဟာ လည်း ကျွန်မရဲ့ ရင်ထဲမှာ 
အမြဲတမ်းဆိုးမိုး နေမှာပါ
သူ့ကို ကျွန်မ အသက်ထက်မကအရမ်းချစ်ပါတယ်
Blogspot လုပ်နည်း ( ၂ )
Layout
ကဲ သင်ခန်းစာပြန်ဆက်ရအောင် ထမင်းလဲစားပြီးပြီဆိုတော့ ဒုတိယအနေနဲ့  Layout ထဲဝင်မယ် ပထမပိုင်းမှာ Template ထဲပြင်ပြီးဆိုတော့ ဒုတိယအနေနဲ့  Layout ထဲဝင်ပြင်ကျမယ် အဲ့ ထဲမှာ ကိုယ်ယူလိုက်တဲ့  Template အမျိုးစားပေါ်လိုက်ပြီး Layout ပြန်ချပေးရမှာဖြစ်ပါတယ်
ကျနော်ကတော့ နဂိုလုပ်ထားတဲ့  Template ပဲပြန်သုံးလိုက်ပါတယ် အဲ့ ထဲမှာ add a Gadget  ဆိုတာရှိပါတယ်အဲ့ ကောင်လေးကို တစ်ချက်နှိပ်လိုက်
ပါပြီးရင် ကိုယ်အသုံးပြုလိုတဲ့  အရာများစွာ အထဲမှာပါရှိပါတယ် ကိုယ့်က အပြင်ကနေ Html သုံးချင်တယ်ဆိုရင် အဲ့ ထဲက HTML/JavaScript ဆိုတာ
လေးကို add လုပ်လိုက်ပါ တစ်ချက်နှိပ်လိုက်ပါ ဒါဆို ကိုယ်အသုံးပြုချင်တဲ့  Html box လေးကျလာပါလိမ့်မယ်အဲ့ ထဲမှာ Cbox တို့  ရေဒီယိုတို့ 
Html code တွေထည့်သွင်းဖေါ်ပြနိုင်ပါတယ် ။ ကျန်တဲ့ အရာများစွာရှိပါတယ် add a Gadget  ထဲမှာပဲ ကြိုက်တာယူထည့်သွင်းလိုက်ပါ Layout
ကတော့ သူချထားတဲ့ ပုံစံကိုပဲ ကိုယ်က ပုံဖေါ်ပေးသွားယုံပဲဖြစ်ပါတယ် ခင်ဗျာ ။ သြော်မေ့လို့  အဲ့ ထဲက Layout တွေကိုပြင်ချင်တယ်ဆို Edit ဆိုတာ
လေးကို ကလစ်နှိပ်ပြီး ပြင်နိုင်ပါတယ်နော် ။
Posts
Layout လဲချပြီးပြီဆိုရင် ကျနော်တို့  ပိုစ့်တင်ကြည့်ကျရအောင် ပိုစ့်တင်မယ်ဆို Posts ဆိုတာလေးကိုနှိပ်ပြီး ဝင်လိုက်ပါ အဲ့ မှာပဲ New Post ဆို
တာပါပါတယ် တစ်ချက်နှိပ်လိုက်ပါ ။ အဲ့လိုနှိပ်လိုက်ပြီးဆို post tittle ရေးမယ် အောက်ကကွက်လပ်မှာ စာရေးမယ် ပြီးရင်တော့ publish ဆိုတာ
လေးကိုတစ်ချက်နှိပ်လိုက်ပါ ဒါဆို ခင်ဗျာ အနေနဲ့  ပိုစ့်တစ်ခုတင်ပြီးသွားပါပြီ ။ အဲ့ ပိုစ့်ကိုမှ Label ပြန်ခွဲချင်တယ်ဆိုရင်တော့ အဲ့ ပိုစ့်တင်ထားတဲ့ အပေါ်
မှာ New Label ဆိုတာလေးကို နှိပ်ပြီး Label ပြန်ခွဲလို့ ရပါတယ် ခင်ဗျာ ။
Page
ပိုစ့်တင်ပြီးပြီဆိုရင် Page လေးတွေထပ်တိုးချဲ့  ရအောင် အိုကေ ဒါဆို Page ထဲကိုဝင်လိုက်ရအောင် အဲ့ ထဲမှာ Home page တစ်ခုပဲရှိနေတာမြင်
ကိုယ်ကြိုက်ရာထည့်သွင်းနိုင်ပါတယ် ကျနော်ကတော့ web address ကိုပေးလိုက်ပါမယ် ။ Tittle ရေးပေးလိုက်ပါကိုယ်ထည့်တဲ့ အကြောင်းအရာ
ကျနော်ကတော့ ဖိုရမ်လို့ ပေးလိုက်ပြီး အောက်က web address မှာတော့ www.mmitfriendships.org လို့ ရေးပေးလိုက်ပါတယ်ခင်ဗျာ ။
Blogspot လုပ်နည်း ( ၁ )
ဒီ blogspot ကိုလုပ်ဖို့ ဘာတွေလိုအပ်လဲ  ?
ပာုတ်ကဲ့  blogspot ကိုလုပ်ဖို့ မိမိ gmail အကောင့်ရှိတယ်ဆိုလုပ်လို့ ရပါပြီဗျာ ။
ဒီ blogspot ကို ဘယ်လိုလုပ်ရပါသလဲ ခင်ဗျာ ?
ပာုတ်ကဲ့ ဒီ blogspot ကိုလုပ်ဖို့  သင်ခန်းအဖြစ်တင်ဆက်ပေးသွားပါမယ်
ပထမဦးဆုံး မိမိ gmail အကောင့် နဲ့  www.blogger.com ကို ဝင်လိုက်ပါခင်ဗျာ အဲ့ လိုဝင်လိုက်ပြီးရင် ဘာဆက်လုပ်ရမလဲဆိုရင် Contiune to Blogger ဆိုတဲ့ စာလေးကိုနှိပ်ပေးလိုက်ပါဗျာ ။
ကဲ blog တစ်ခု လုပ်လို့ ရပါပြီ ဒါဆို Contiune to Blogger ကိုနှိပ်လိုက်ပြီးရင် New Blog ဆိုတာလေးကိုမြင်တွေ့ ရပါမယ်အောက်က ပုံကို
ကြည့်လိုက်ပါ ဒီလိုလေး မြင်တွေ့ ရပါမယ်  အဲ့ က New blog ဆိုလေးကို နှိပ်လိုက်ပါ ။
New Blog ကိုနှိပ်လိုက်မယ်ဆို ဒီလိုလေးပေါ်လာပါလိမ့်မယ် အဲ့ ထဲ blog tittle ကိုရေးပေးလိုက်ပါ ကိုယ်လုပ်မဲ့  blog tittle ပေါ့ အောက်ကတော့
မွန်တွေကလည်း ကချင်စစ်ရပ်စဲရေး လိုလား
စံခလပူရီ (မဇ္ဈိမ)။       ။ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေး ဟောပြောပွဲနှင့် စုပေါင်း လက်မှတ်ရေးထိုးပွဲတခုကို သောကြာနေ့က ကျင်းပခဲ့ကြသည်။
မွန်ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိမ်း စစ်ရပ်စဲရေး လက်မှတ်ရေးထိုးနေစဉ်။ (ဓာတ်ပုံ - ကြည်ဇော်လွင်)
ပွင့်လင်း ကွန်ယက် (မွန်ပြည်နယ်) မှ စီစဉ်သည့် အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်မှ နိုင်ငံရေးပါတီများနှင့် လူမှုအဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD)၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ (AMDP)၊ မွန်ဒီမိုကရေစီပါတီ (MDP)၊ မွန်ပြည်သစ်ပါတီ (NMSP)၊ တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေးပါတီ၊ ကရင်ပြည်သူ့ပါတီနှင့် တက္ကသိုလ် ကျောင်းသူ/
သားများ အပါအဝင် စာပေယဉ်ကျေးမှု အဖွဲ့အစည်းများမှ ပရိသတ် ၃၀၀ ကျော် တက်ရောက်ခဲ့ကြကြောင်း အခမ်းအနား စီစဉ်သူတဦးက သည်။
“ကျနော်တို့ လူငယ်တွေ စစ်ပွဲတွေကို လက်မခံဘူး။ အဓိကကတော့ ကချင်မှာ ဖြစ်နေတဲ့ စစ်ပွဲဟာ ဘယ်သူမှန်သည်
 ဖြစ်စေ၊ မှားသည် ဖြစ်စေ။ ဖြစ်ပွားနေတဲ့ စစ်အားလုံး ချက်ချင်း ရပ်ပေးဖို့၊ လက်ရှိ ခံနေရတဲ့ ကချင်ပြည်သူ လူထုတွေ
အတွက် ငြိမ်းချမ်းရေးကို လိုလိုလားလား ထောက်ခံတယ်။ ကျနော်တို့ မွန်ပြည်သူ လူထုတွေ အားလုံးကလည်း
ထောက်ခံတဲ့အကြောင်း မွန်ပြည်နယ်အသံနဲ့ လုပ်တာပါ” ဟု ကိုကြည်ဇော်လွင် က မဇ္ဈိမကို ပြောသည်။
လွန်ခဲ့သည့် ရက်ပိုင်းအတွင်း ရန်ကုန်မြို့တွင် လူမှုအဖွဲ့ပေါင်း ၄၀ ကျော် စုပေါင်း ဆွေးနွေးပြီး တနိုင်ငံလုံး အတိုင်းအတာဖြင့် လုပ်ဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
မော်လမြိုင် အခမ်းအနားတွင် ငြိမ်းချမ်းရေးနှင့် ပတ်သက်သည့် ဟောပြောခြင်း၊ စာတမ်း ဖတ်ခြင်း၊ စုပေါင်း လက်မှတ်ရေးထိုးခြင်း၊ ကာတွန်းပြပွဲ၊ ငြိမ်းချမ်းရေး ကဗျာ ရွတ်ဆိုခြင်းနှင့် သီချင်းဆိုခြင်းများကိုလည်း ပြုလုပ်ခဲ့
ကြသည်။
“ကျနော်ကတော့ ငြိမ်းချမ်းရေးအတွက် တဘက်နဲ့ တဘက် ဗြဟ္မစိုရ်တရား ထားသင့်တဲ့အကြောင်းကို အခမ်းအနား
ဖွင့်ပွဲမှာ ပြောခဲ့ပါတယ်” ဟု AMDP မှ နိုင်ငွေသိမ်း က ပြောသည်။
အခမ်းအနား တက်ရောက်သူများက ပြည်တွင်းစစ်ပွဲများ ရပ်တန့်ရေးအတွက် စုပေါင်း လက်မှတ်ရေးထိုးခဲ့ကြပြီး အခြား ပြည်နယ်/တိုင်းများမှ ရရှိသော လက်မှတ်များနှင့် ပူးတွဲကာ သမ္မတထံ ပေးပို့ကြမည်ဖြစ်ကြောင်း သိရှိရ
သည်။
နံနက်ပိုင်းတွင် အရှေ့တပ်မြေလမ်း မွန်ဓမ္မာရုံတွင် AMDP၊ MDP၊ မွန်ပြည်သစ်ပါတီ နှင့် မွန်လူမှုအသင်းအဖွဲ့များက အင်အား ၅၀ ကျော်က စစ်ရပ်စဲရေးအတွက် ဟောပြောခဲ့ကြပြီး ငြိမ်းချမ်းရေး မီးပုံးပျံများ လွှတ်တင်ခဲ့ကြောင်း
မော်လမြိုင် တက္ကသိုလ် ကျောင်းသားတဦး ဖြစ်သည့် မင်းစီစွမ်း က ပြောသည်။
အစာမရှိသော အစာအိမ်အတွက် ရေသောက်ပေးပါ
မနက်အိပ်ရာ နိုးထပြီးချိန်တွင် ချက်ချင်း ရေသောက်ခြင်းသည် ဂျပန်နိုင်ငံရှိ ပြည်သူများစွာအတွက် နေ့စဉ် ပြုမူ လုပ်ဆောင်နေတဲ့ အရေးပါသော ကျန်းမာရေး လုပ်ဆောင်မှုလေး ဖြစ်တယ်လို့ သိရပါတယ်။ ထို့အပြင် သိပ္ပံပညာရှင်များ သုတေသနပြုချက်အရ ၎င်းဟာ အလွန်အရေးပါပြီး ကောင်းကျိုးများစွာ ဖြစ်စေတယ် ဆိုတာကိုလည်း တွေ့ရှိခဲ့ပါတယ်။ နံနက်ခင်း ရေသောက် ပေးခြင်းအားဖြင့် သင့်ရဲ့ တစ်ညတာ ပင်ပန်းတစ်ကြီး လှုပ်ရှား ခဲ့ရတဲ့ အစာအိမ်အတွက် များစွာ အကျိုးရှိစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် တစ်နေ့တာအတွက် အဆင်မပြေမှုများ၊ စိတ်သောကများ အတွက်ပါ ရေရဲ့ အစွမ်းကြောင့် လန်းဆန်း သွားစေနိုင်ပါတယ်။
ဒါကို ဂျပန်ဆေးပညာရှင် တွေက ၉၆ ပါး ရောဂါနှင့် များစွာသော အောက် ဖော်ပြပါ ရောဂါများအတွက် အလွန်ပင် အစွမ်းထက်တဲ့ နည်းလမ်း တစ်ခု ဖြစ်ကြောင်း တွေ့ရှိခဲ့တာပါ။
ခေါင်းကိုက်ခြင်း၊ ခန္ဓာကိုယ် ပင်ပန်းနွမ်းနယ်ခြင်း၊ အဆစ်မြစ်ရောင်ရောဂါ ဖြစ်ခြင်း၊ နှလုံးတုန်ခြင်း၊ ဝက်ရူးပြန်ရောဂါ ဖြစ်ခြင်း၊ အသဲ အဆီဖုံးခြင်း၊ လည်ချောင်းနာ ဖြစ်ခြင်း၊ ပန်းနာရင်ကျပ် ဖြစ်ခြင်း၊ တီဘီ၊ ဦးနှောက် အမြှေးရောင်ရောဂါ၊ ကျောက်ကပ်ရောဂါ၊ ဝမ်းလျှောဝမ်းပျက်ခြင်း၊ လိပ်ခေါင်းရောဂါ၊ ဝမ်းချုပ်ခြင်း၊ မျက်စိနာခြင်း၊ ကင်ဆာနှင့် ရောဂါ များစွာအတွက် ရေကို နည်းလမ်းတကျ နံနက်တိုင်း သောက်သုံးခြင်းအားဖြင့် ရောဂါများစွာကို ကြိုတင်ကာကွယ်ပြီး ဖြစ်မှာပါ။
လုပ်ဆောင်ရမယ့် နည်းလမ်းကတော့ -
သူငယ်ချင်းလို့ပဲဆက်၍ခေါ်မည်..ခိုင် – တက္ကသိုလ်ဘုန်းနိုင်
ဆရာကြီး တက္ကသိုလ် ဘုန်းနိုင်ရဲ့ လူကြိုက်များလှတဲ့ ဝတ္ထုတွေထဲက တစ်ပုဒ်ဆိုလည်း မမှားလောက်ပါဘူး..။
စာတွေအများကြီး စီပြီးတင်ရအောင်လည်း Web Page Error တွေတက်နေမှာပါ..၊ ဒါကြောင့် PDF ကိုပဲ လင့်ချိတ်ပြီးဖော်ပြပေးလိုက်ပါတယ်..။
နင်မရှိတာလေးပဲဆိုးတယ်
# ကြောင်တကောင်လို
# အိပ်မရတဲ့ညကို
# ထိုင်. . .
# အမှောင်ထဲမှာ
# ငါ မြင်နေတာ နင်. .
# ခု. .
# ညတွေ အားလုံး
# အိမ်မက်တွေ ထွက်ပြေး
# မိုးလင်းပေါက်ထိုင်တွေးဖြစ်တယ်. . .
# အေးစက်စက် မှန်နံရံမှာ
# နှင်းရည်တွေခို
# ငါ့စိတ်စိုစိုတွေနဲ့
# မှန်နံရံမှာ ကဗျာခြစ်
# နှင်းစက်တွေ စီးကျသွားတယ်
# နင်စဉ်းစားဖြစ်ရဲ့လား. . .
# စိတ်အစာငတ်တဲ့ညဟာ
# ပိုမှောင်တယ်ဆိုတာ. . .
# တခါလောက်တော့တွေးကြည့်တာ
# လိုနေတာတွေ ပစ်ချ
# မလိုတာတွေချည်းကောက်ယူထားရင်
# ငါလူပြည့်စုံကြီးပေါ့. . .
# ခု. . . . . . .
# မလိုတာတွေ
# အားလုံးကောက်ယူ
# လိုတာတွေ အားလုံးလွတ်ချထားလို့
# ငါတယောက်တည်းကျန်တဲ့ဘဝ
# ငြိမ်းတော့ငြိမ်းချမ်းတယ်
# နင်မ၇ှိတာလေးပဲ ဆိုးတာ. . . .။    
တေလေမှတ်တိုင်
ကြယ်တွေ ကြယ်တွေ
သမ်းဝေမှု ချောင်းချောင်းထ
ဟောင်းလောင်းပွင့်နေတဲ့..ည။
ဝိညာဉ်နှင်းမှုန်တစ်စက်
အိပ်မက် မြင်းခွာ အမှတ်(၁၃)
တစ်ယောက်တည်း အတုံးအရုံးလဲသူ
ငါ့ ကံကြမ္မာနဲ့..လူ
ဂမ္ဘီရ သစ်ပင်မှာမှ
စွယ်တော်ပွင့်အို ရှာချင်တဲ့လက်
ကားစင်တင်ပြီး မီးရှို့သတ်မယ်။
လပြည့်ဝန်းရေ
ပန်းကန္တာရမှာ
အမုန်းတွေ လဲ့ပြာကွဲအက်
ငါဟာ
ကိုယ့်ကိုကိုယ် ပြန်တူးနေတဲ့
ပေါက်ချွန်းတစ်လက်ကွဲ့ သိရဲ့လား။
ခြင်္သေ့နဲ့ ဘယ်လိုတိုက်တိုက်
ဘီလူးနဲ့ ဘယ်လိုကိုက်ကိုက်
ချစ်မိသူလောက်တော့
ဘယ်သူမှ လူမိုက် မမည်။
ကဝေမီးတောက်
ဆောင်းဦးပေါက် အရက်တစ်အိုး
မြူခိုးဝေဝေကျောက်ခဲများ
ငါ့ကိုထားခဲ့ပါ။
တေလေမှတ်တိုင်
မျှော်စင်တွေထက် ပိုခိုင်လာရဲ့
ခြေထောက်ကတစ်ခြား လမ်းတစ်ခြား
ငါဘယ်တော့မှ မသွားဘူး မိန်းကလေးရေ။
ရေးသားသူ ကဗျာဆရာ >>>>  တာရာမင်းဝေ
ငါ့ကို လိမ်ပါ ငါ ယုံတတ်တယ်
ငါ့ကို လိမ်ပါ
ငါ ယုံတတ်တယ် …
မင်းစိတ်တိုင်းကျ ညာနိုင်ဖို့
ငါ့နှလုံးသား အရေထူထားတယ် …
မင်းသဘောကျ လျစ်လျူရှုနိုင်ဖို့ ..
ငါ့မျက်ရည်တွေ လှူထားတယ် ..
လုပ်ပါ ..
မင်းအလိုကျ ရက်စက်နိုင်ဖို့
ငါ့ဘ၀တစ်ခုလုံး ပုံအပ်ထားတယ် ..
သွားပါ ..
မင်းဆန္ဒတွေ ဖြည့်ဆည်းနိုင်ဖို့
ငါ့ မာနတွေ ချခင်းပေးထားတယ် ..
ဘာဘဲလုပ်လုပ်ပေါ့
ဘာဘဲဖြစ်နေနေပေါ့
အချစ်ကြီးတဲ့ငါ
အရှုံးတွေကြီးနေလည်း
ကျေနပ်ပါတယ် ..
အရင်ဘ၀က မင်းကိုငါ
အပြစ်ကြီးကြီးလုပ်ခဲ့မိလို့ဘဲလို့ …….. ။