Wednesday, September 26, 2012

လူငယ်များ လေဖြတ်နိုင်တဲ့ အကြောင်းအရင်း



အခုခေတ်မှာ အသက်ငယ်တဲ့သူတွေဆိုရင် လေဖြတ်မှာမဟုတ်ဘူးလို့ ယူဆလို့ မရတော့ပါဘူး။ လေဖြတ်ရောဂါ ခံစားနေရသူတွေထဲမှာ လူငယ်တွေလည်း ပါဝင်နေတာကြောင့်ပါ။ ဒါကြောင့် လေဖြတ်ခြင်း ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို ရှောင်လွှဲနိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

၁။စိတ်ဖိစီးမှုများခြင်း
စိတ်ကို လျှော့ချပါ။ လေဖြတ်ခြင်းဖြစ်စေနိုင်တဲ့ အန္တရာယ်တွေအကြောင်း ဆရာဝန်တွေကိုမေးရင် သွေးတိုးရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ နှလုံးရောဂါစသဖြင့် ပြောပြပါလိမ့်မယ်။ လေဖြတ်စေတဲ့ အဓိက အကြောင်းထဲမှာ စိတ်ဖိစီးမှုများတာလည်း ပါပါတယ်။ စိတ်ဖိစီးမှုကို မထိန်းချုပ်နိုင်တဲ့အခါမှာ သွေးဖိအားမြင့်တက်လာပြီး ဦးနှောက်သွေးကြောပိတ်ခြင်းနဲ့ သွေးစေးပျစ်ခြင်းတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါကြောင့် လေဖြတ်ခြင်းကင်းဝေးအောင် စိတ်ဖိစီးမှုကို ထိန်းချုပ်ရပါမယ်။

၂။ရန်လိုခြင်း
အသက်ကြီးခြင်းအကြောင်း လတ်တလော လေ့လာမှုတစ်ရပ်အရ ရန်မူလိုတဲ့သူ၊ အထူးသဖြင့် ရန်လိုတတ်သူတွေဟာ စိတ်အေးလက်အေးနေတတ်သူတွေနဲ့ယှဉ်ရင် သွေးကြောပိုမိုထူထပ်တတ် ကြောင်းသိရပါတယ်။ သွေးကြောတွေ ထူထဲလာဖို့ အချိန်ယူရတတ်ပေမယ့် ပြင်းထန်တဲ့အဆင့်မှာ ဦးနှောက်ဆီကိုသွားတဲ့ အောက်ဆီဂျင် ပြတ်လပ်သွားနိုင်ပါတယ်။ အဲဒီအခါ ဦးနှောက်ဆဲလ်တွေ သေဆုံးပြီးလေဖြတ်ခြင်းဖြစ်နိုင်ပါတယ်။

၃။အထီးကျန်ခြင်း
အထီးကျန်ခြင်းဟာ နှလုံးအပေါ် နာကျင်ထိခိုက်စေတယ်လို့ စာတွေထဲမှာ ဖော်ပြထားပါတယ်။ အထီးကျန်တဲ့ အရွယ်ရောက်သူတွေလို လေးနှစ်ကြာလေ့လာတဲ့ ချီကာဂိုတက္ကသိုလ်ရဲ့ လေ့လာမှုတစ်ရပ်အရ အထီးကျန်ဆုံးလူတွေဟာ ကိုယ်အလေးချိန်၊ ဆေးလိပ်သောက်ခြင်းနဲ့ လေ့ကျင့်ခန်းလုပ်ခြင်းတွေနဲ့ မဆိုင်ဘဲ နှစ်တိုင်း သွေးဖိအားမြင့်တက်နေတယ်လို့ သိရပါတယ်။ အကြောင်းကတော့ အထီးကျန်ခြင်းဟာ စိတ်ဖိစီးမှုဟော်မုန်း ကော်တီဆောပမာဏ မြင့်တက်နေခြင်းနဲ့ ဆက်စပ်မှုရှိကာ ထိုဟော်မုန်း မြင့်တက်ခြင်းဟာ သွေးတိုးစေပြီး သွေးတိုးခြင်းကြောင့် လေဖြတ်နိုင်ခြေ မြင့်တက်ရလို့ပဲဖြစ်ပါတယ်။

၎။အိမ်ထောင်ကွဲခြင်း
အိမ်ထောင်ကွဲထားတဲ့ အမျိုးသားတွေဟာ အိမ်ထောင်ရေးအဆင်ပြေတဲ့ အမျိုးသားတွေနဲ့ နှိုင်းယှဉ်ရင် အသက်အန္တရာယ်ရှိတဲ့ လေဖြတ်ခြင်းဖြစ်နိုင်ခြေကို ၆၄ ရာခိုင်နှုန်း မြင့်မားစေကြောင်း ၂၀၁၀ အမေရိကန် လေဖြတ်ခြင်းအကြောင်း လေ့လာမှုတစ်ရပ်က ဆိုပါတယ်။ ပျော်ရွှင်ဖွယ်မကောင်းတဲ့ အိမ်ထောင်ရေးအခြေအနေရှိသူတွေဟာ အထီးကျန်နေသလို ခံစားရတာကြောင့် ဖြစ်ပါတယ်။

အရူးလွယ်အိတ်မှ ပြန်လည်ဝေမျှခြင်း

No comments:

Post a Comment