ငါ့ကို လိမ်ပါ
ငါ ယုံတတ်တယ် …
မင်းစိတ်တိုင်းကျ ညာနိုင်ဖို့
ငါ့နှလုံးသား အရေထူထားတယ် …
မင်းသဘောကျ လျစ်လျူရှုနိုင်ဖို့ ..
ငါ့မျက်ရည်တွေ လှူထားတယ် ..
လုပ်ပါ ..
မင်းအလိုကျ ရက်စက်နိုင်ဖို့
ငါ့ဘ၀တစ်ခုလုံး ပုံအပ်ထားတယ် ..
သွားပါ ..
မင်းဆန္ဒတွေ ဖြည့်ဆည်းနိုင်ဖို့
ငါ့ မာနတွေ ချခင်းပေးထားတယ် ..
ဘာဘဲလုပ်လုပ်ပေါ့
ဘာဘဲဖြစ်နေနေပေါ့
အချစ်ကြီးတဲ့ငါ
အရှုံးတွေကြီးနေလည်း
ကျေနပ်ပါတယ် ..
အရင်ဘ၀က မင်းကိုငါ
အပြစ်ကြီးကြီးလုပ်ခဲ့မိလို့ဘဲလို့ …….. ။
No comments:
Post a Comment