Friday, October 12, 2012

ခင်ဗျားအတွက်ငိုရတာပါ

လူကောင်သေးသော လူတစ်ယောက်သည် အရက်ဘားခန်းထဲတွင် ထိုင်နေပြီး သူ၏ အရက်ခွက်ကို

ကြောင်ငေးလျက်ကြည့်နေသည် ။နာရီဝက်ခန့် သူမလှုပ်မရှက်နေသောအခါ လူကောင်ကြီးမားပြီး
ပြသနာရှာတတ်သော ထရပ်ကားဒရိုင်ဘာက သူဘေးသို့ လျှောက်လာပြီးသူ၏အရက်ခွက်ကိုကောက်
ယူပြီး အကုန်မော့သောက်လိုက်သည် ။လူကောင်သေးသေးက စတင်ငိုတော့လေသည် ။
ထရပ်ကားဒရိုင်ဘာက သူကို လှည့်ပြီး ပြောလေသည်။
'' ငါမင်းကိုနောက်ပြောင်နေတာပါကွာ ။မင်းကိုငါ အရက်တစ်ခွက် ပြန်ဝယ်ပေးပါ့မယ့် ။လူတစ်ယောက်
ငိုတာကို ငါမကြည့်ရက်ပါဘူး '''' အို အဲ့ဒါကြောင့် မဟုတ်ပါဘူး '' ထိုလူကပြန်ပြောသည် ။ '' 

 
ဒီနေ့ ကတော့ ကျွန်တော်ရဲ့ ဘ၀မှာ အဆိုးဆုံးနေ့ ပဲဗျာ ။ပထမ ကျွန်တော်အအိပ်လွန်သွားပြီး အလွန်အရေးကြီးတဲ့ အစည်းအဝေးပွဲ အတွက် နောက်ကျသွားတယ် ။ကျွန်တော်ရဲ့ သဌေးကဒေါသဖြစ်ပြီး ကျွန်တော်ကို အလုပ်ဖြုက်ပစ်လိုက်တယ် ။ကျွန်တော်အဆောက်အဦးက ထွက်ပြီး ကျွန်တော်ရဲ့ ကားဆီကိုလာတော့ ကျွန်တော်ရဲ့ ကား အခိုးခံရတာကို တွေ့ တယ် ။ရဲက သူတို့ ဘာမှ မလုပ်ပေးနိုင်ဘူး ပြောတယ် ။အဲ့ဒီနောက် ကျွန်တော်အငှားကားစီးပြီး အိမ်ပြန်ရတယ် ။ကျွန်တော်အငှားကားယာဉ်မောင်းကို ပိုက်ဆံပေးပြီး အငှားကား ထွက်သွားတဲ့အခါ ကျွန်တော်ရဲ့ ပိုက်ဆံအိတ်အငှားကားထဲမှာ ပါသွားတာကို တွေ့ ရတယ် ။ကျွန်တော်အိမ်ထဲဝင်တော့ ကျွန်တော်မိန်းမကို အိပ်ရာပေါ်မှာမာလီနဲ့ အတူတွေ့ ရတယ် ။

ထိုလူက တစ်ကယ်ကို ရှိုက်ကြီးတငင်ငိုကြွေးနေသည် ။ '' ကျွန်တော်စိတ်ညစ်ညစ်နဲ့ အိမ်က ထွက်လာပြီး ဒီ
အရက်ဘားကိုလာတာပါ ။အခု ကျွန်တော်ဘ၀ကို အဆုံးစီရင်ဖို့ အတွက် ကျွန်တော်စဉ်းစားနေတုန်း ခင်ဗျား
ရောက်လာပြီး ကျွန်တော်အဆိပ်တွေကို သောက်ပစ်လိုက်တော့ ''

No comments:

Post a Comment