Tuesday, October 9, 2012

ပန်းကြွေခြေရာ

နွေရက်ရင့်ရော်
ချိန်တစ်ခါက
ရော်ဝါရွက်ကြမ်း
ကြွေတဲ့ပန်းကို
ယုယပိုက်ထွေး
ဖွဖွမွှေးလို့
စမ်းရေတစ်ကျော့
တူစုံမျောရင်း........
ရော်ဝါပန်းကြွေ
မဖြစ်လိုဘူး။
သက်သေပြုဆို
နှုတ်ခွန်းချိုကို
ခုနေခါများ
ဘယ်စခန်းသို့
လှမ်းလို့ပျော်မွေ့ခဲ့ပြီလည်း။

No comments:

Post a Comment