- သစ္စာစကား နှုတ်ဖွင့်ငြားလည်း
ကိုယ်ကျင့်ယွင်းသူ ထိုထိုလူမှာ
သစ္စာစူး၍ ပျက်စီးတတ်၏။
- မေတ္တာစကား မပြောငြားလည်း
ရင်တွင်း၌ပင် သစ္စာမြဲ၏။
- ဖျက်နှောင့်စကား ပြောဖန်များလည်း
ဥပေက္ခာနဲ့ တည်ခိုင်မြဲ၏။
- မုသားစကား နားဝယ်ကြားလည်း
ရပ်တည်မှန်သူ ချစ်ပိုသူက
စွဲကိုင်ထားသည့် မေတ္တာစစ်ကြောင့်
ချစ်သူ့မျက်နှာ တစ်ကမ္ဘာထင်ပြီး
ဖ၀ါးခြေထပ် နောက်ပါးမခွာ
တွဲလက်ခိုင်လျက် လိုက်ပါခဲ့မယ်
ထားခဲ့ပါနဲ့ချစ်သူရယ်.......
No comments:
Post a Comment