Monday, October 15, 2012

အလွမ်း



 
တခါတလေ ဟိုးအဝေးကြီးကို ပျံသန်းသွားချင်လဲ ...
ငါ့မှာ ပျံစရာ အတောင်ပံတွေ မရှိဘူး ...
တခါတလေ အားလုံးကို မေ့ထားချင်လဲ ...


မေ့ထားနိုင်တဲ့ စွမ်းအားတွေ ငါမပိုင်ဆိုင်နိုင်သေးဘူး ...
ပြောမထွက်တဲ့ စကားတွေနဲ့ ပြောမထွက်တဲ့ ခံစားချက်တွေကို ...
မြိုသိပ်ရင်းနဲ့ ငါမြေမြုပ်ထားတယ် ...
နင်သိနိုင်မလား ... ?
ဒီရင်ဘတ်ထဲက ငိုကြွေးနေတာ ...
နင်သိနိုင်မလား ... ?
တခါတလေ နှလုံးသားဟာ နာကျင်လို့  ...
ဆန္ဒတွေ ပြောပြဖို့ ခက်ခဲ့တာ နင်သိမလား ... ?
အိပ်မက်တွေထဲ ငါမနိုးထချင်သေးသလို ...
နင်နဲ့ ဝေးသွားဖို့ လဲ ...
ငါအဆင်သင့် မဖြစ်သေးဘူး ...
ငါချစ်တာ အမှားဖြစ်နေလဲ ...
ခံစားတက်တဲ့ နှလုံးသားကြောင့် ဆက်ချစ်နေဆဲပဲ ...
ဘာတွေပဲဖြစ်ဖြစ် ငါ့အနားမှာ နင်ရှိမယ်ထင်ခဲ့တာ ...
ငါလှည့်ကြည့်ခဲ့မှ နင့်အရိပ်တောင် ငါ့အနားမှာ မရှိခဲ့ဘူးနော် ...

 

No comments:

Post a Comment